မင်္ဂလာပါ Welcome From IT World(Phone&PC Software) ရောက်လာသူအပေါင်း ရွှင်လန်းချမ်းမြေ့ ကျပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်...

Sunday, March 31, 2013

သင့်အကောင့် လုံခြုံရေးအတွက် သင်ဒါတွေသိထားသင့်ပါတယ်။

Facebook နဲ့ Gmail Account တွေကို သူများဟတ်လို့မရအောင် ဘယ်လိုလုပ်ထားရမလဲ တဲ့။အကိုကြီးတစ်ယောက် က ချက်မှာ လာမေးတာပါ။တော်တော်ဖြေရခက်တဲ့မေးခွန်းပါ။ဘာလို့လဲဆိုတော့ Security အပိုင်းတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ Hacking နည်းပညာတွေလည်း တိုးတက်မြင့်မားလာမှာပါဘဲ။အဲ့လိုဘဲ Hacking နည်းပညာတွေတိုးတက်လာတာနဲ့အမျှ Security အပိုင်းတွေလည်း သူ့နဲ့အပြိုင် တိုးတက်လာကြမှာပါဘဲ။အဲ့တော့ မည်သည့်အကောင့်ဘဲဖြစ်ဖြစ် ဘယ်လိုမှ ဟတ်ယူလို့မရဘူးဆိုတာမရှိသလို မည်သည့်အကောင့်ကိုမှလည်း လွယ်လွယ်ကူကူနဲ့ ဟတ်ယူလို့၇တယ်ဆိုတာ မရှိပါဘူး။ဆိုလိုတာက အကောင့်တစ်ခုရဲ့ လုံခြုံမှုရာခိုင်နှုန်းဟာ အသုံးပြုသူပေါ်မှာဘဲ မူတည်ပါတယ်။ဟတ်ကာတစ်ယောက်ဟာ အကောင့်တစ်ခုကိုဟတ်တော့မယ်ဆိုရင် အဲ့ဒီအကောင့်ကို ဟတ်လို့ရမယ့် နည်းလမ်းတွေအကုန်လုံးကိုသုံးမှာပါဘဲ။အသုံးပြုသူအကောင့်ပိုင်ရှင်ရဲ့ Security မြင့်မားမှုပေါ်မူတည်ပြီး ဟတ်ကာတစ်ယောက်ရဲ့ထိုးဖေါက်မှုတွေဟာလည်း ပိုမိုပြင်းထန်လာမှာပါဘဲ။


Social Engineering


ဒါကတော့ လူမှုကွန်ယက် မှာရော ဟတ်ကင်းလောကမှာပါ နာမည်ကြီးတဲ့ နည်းလမ်းလေးပါ။မိမိ Target ထားထားတဲ့သူကို အယုံသွင်းပြီး မိမိဆင်ထားတဲ့ကျော့ကွင်းထဲဝင်ရောက်လာအောင် လှည့်စားတဲ့နည်းလမ်းတစ်ခုပေါ့။ဥပမာပြောရရင် မြန်မာဇာတ်ကားတွေထဲမှာ ခဏခဏ ပါပါတယ်။လူကြမ်း ဦးအောင်ခိုင် က သူတပည့်တွေကို အရမ်းစိတ်ပူပမ်နေတဲ့ မင်းသား ရဲ့ နောက်လိုက်တွေနဲ့ ပုံစံတူ Phishing တစ်ခုကို ဖန်တီးပြီး မင်းသမီးဆီကို သွားခိုင်းခဲ့ပါတယ်။မင်းသမီးယုံကြည်လာအောင် မင်းသားကားမှောက်လို့ ဆေးရုံေ၇ာက်နေတဲ့အကြောင်း နဲ့ ဒါဏ်ရာအရမ်းများလို့ အခုချက်ချင်း လိုက်ခဲ့ဖို့ လှည့်စားခေါ်ဆောင်ပါတယ်။ဒါကိုမသိတဲ့ မင်းသမီးက သူ့ချစ်သူ တကယ် ဆေးရုံရောက်နေတယ်ထင်ပြီး လိုက်သွားတဲ့အခါ လူကြမ်းတွေဆင်ထားတဲ့ ကျော့ကွင်း ( အမြဲတန်းရိုက်ဖြစ်တဲ့ မှော်ဘီက ဆန်ဂိုဒေါင်အပျက်ကြီး ) ထဲရောက်သွားခဲ့ရတော့တာပါဘဲ။ဒါဟာ Phishing ကိုသုံးပြီး တိုက်ခိုက်တဲ့  Social Engineering တစ်ခုပါ။ဟိုတစ်ခေါက်က ကျွန်တော်ပြောပြခဲ့ဖူးပါတယ်။Phishing ဆိုတာ Web Page တစ်ခုပြုလုပ်ပြီး ကိုယ်ဟတ်မယ့်သူဆီကို ပို့ပေးရတာမျိုးပါ။အဲ့ဒီမှာ မိမိ ရဲ့ Target က မိမိပြုလုပ်ထားတဲ့ Fake Web Pag မှာ Login ဝင်လာအောင် လှည့်စားစွဲဆောင်ရပါတယ်ဆိုတာ ... ။

Keylogger ဆိုတာဘာလဲ ?


Keylogger ဆိုတာ ကွန်ပျူတာတစ်လုံးမှာ မိမိလုပ်ဆောင်ခဲ့တဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းကို မှတ်သားထားပေးပြီး စက္ကန့်မလပ် ကြိုးကိုင်သူပိုင်ရှင်ဆီကို အချက်အလက်တွေ ပို့ပေးတဲ့ အရာပါ။သူမှာ Software Keylogger နဲ့ hardware keylogger ဆိုပြီး နှစ်မျိုးရှိပါတယ်။hardware keylogger ကို ကွန်ပျူတာရဲ့ motherboard နဲ့ keyboard ကြိုးနဲ့ဆက်သွယ်ထားတဲ့ နှစ်ခုကြားမှာ လွယ်ကူစွာရှာဖွေနိုင်ပေမယ့် Software Keylogger ကိုတော့ ရှာဖွေဖို့မလွယ်ကူပါဘူး။


Hardware Keylogger



Hardware Keylogger ကိုအပေါ်က ပုံမှာတွေ့ရတဲ့အတိုင်း တပ်ဆင်အသုံးပြုကြပါတယ်။သူဟာ မိမိတို့ Keyboard မှာ ရိုက်လိုက်တဲ့ စာလုံးတွေအားလုံးကိုMonitor ပေါ်မရောက်ခင်ကာလအတွင်း ကြားကဖြတ်ယူ မှတ်သားတဲ့အလုပ်ကို လုပ်ဆောင်တဲ့အတွက် မိမိတို့ ရိုက်လိုက်သမျှ  User name , Password , Bank Account , Ph Number , ID Number အစရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေအားလုံးဟာ သူရဲ့ memory ထဲကို ရောက်ရှိသွားပါတယ်

Software Keylogger


Softward keylogger ကတော့ ကျွန်တော်တို့Gtalk တွေ ဘာတွေ ဒေါင်းသလိုဘဲ ကွန်ပျူတာထဲကို ဒေါင်းလုစွဲပြီး ထည့်သုံးရတဲ့အရာပါ။သူကကျတော့ စောစောက လိုမျိုး ကီးဘုတ်ပေါ်မှာရိုက်တဲ့စာတွေကိုဘဲ မှတ်သားပေးတာမဟုတ်တော့ဘဲ အင်တာနက်ပေါ်မှာ မိမိသွားသမျှ လမ်းကြောင်းတွေအကုန်လုံးကိုပါ မှတ်သားနိုင်စွမ်းရှိပါတယ်။တချို့ဆိုရင် Screen Shot ရိုက်ပြီးတော့ပါ မှတ်သားပေးနိုင်တဲ့အထိ အဆင့်မြင့်ပါတယ်။သူက Spy Software တစ်ခုဖြစ်တဲ့အတွက် ရှာဖွေယူဖို့မလွယ်ကူပါဘူး။သူဟာ သူရှိနေတာကို သူမဟုတ်သလို နေတက်ပါတယ်။ဥပမာ ... ဟတ်ကာ က သူ့ Keylogger Software ကို ကွန်ပျူတာမှာ ရှိလေ့ရှိတဲ့ ရိုးရိုးသာမန် Program တစ်ခုရဲ့ နာမည်ကို သုံးပြီး ထည့်ထားမယ်ဆိုရင် ကျွန်တော့တို့ Task manager ခေါ်ပြီးကြည့်ရင်တောင် သူ့ကို Keylogger အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပါဘူး။

သူ့ကို ဘယ်လိုကာကွယ်မလဲ?


 Ctrl + Alt + Delete key သုံးခုကို တွဲနှိပ်ပြီး Task manager ခေါ်ပါ။ပြီးရင် အပေါ်က Tab တွေထဲက Process ID ဆိုတဲ့ Tab ကို သွားပါ။အဲ့မှာ အခုလက်ရှိ Run နေတဲ့ Program တွေကို တွေ့ရပါလိမ့်မယ်။ ကိုယ်မသင်္ကာတဲ့ Program တွေကို ကလစ်ပေးပြီး End process လုပ်ပေးပါ။Update ဖြစ်တဲ့ Antivirus ကောင်းကောင်းတစ်ခုနဲ့ Scan ဖတ်ပေးပါ။(အင်တာနက်ဆိုင်မှာ အဲ့လိုလုပ်ဖို့က နည်းနည်းတော့ခက်မယ်ထင်တယ်)

Fake G-talk



သူကတော့ အသုံးပြုသူတို့ကို မျက်စိမှားပြီးဝင်ရောက်လာအောင် Computer Dasktop ပေါ်မှာ Gtalk အစစ်ပုံစံမျိုးနဲ့ တင်ထားတက်ပါတယ်။အဲ့လို Fake Gtalk မျိုးမှာ Login ဝင်မိတယ်ဆိုရင်
 ဟော့သလိုလေး ပေါ်လာပြီး
မိမိတို့ရဲ့ User နဲ့ Password ဟာ ဟော့သလိုလေး ဟတ်ကာ ဆီကို ရောက်သွားမှာဖြစ်ပါတယ်။သူကလည်း Phishing လိုသဘောမျိုးပါဘဲ။

G-talk အတုအစစ် ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ?


သူကတော့ အရှင်းဆုံးနဲ့ အလွယ်ဆုံးပါဘဲ။နည်းလမ်းသိသွားရင်တော့ လွယ်ကူသွားတာပါဘဲ။အတု အစစ်ခွဲခြားဖို့အတွက် ၎င်း Gtalk icon ပေါ်မှာ Right Click ထောက်ပြီး Properties ကိုသွားလိုက်ပါ။Application မှာ ကြည့်ကြည့်ရင် အတုမှာ ဘာ Application မှမရှိဘဲ အစစ်မှာတော့ Application လေးတွေရှိနေတာကို တွေ့ရပါလိမ့်မယ်။Phishing Fake Login page မှာဆိုရင်လည်း Address Bar မှာရှိတဲ့ လင့်ကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။Fake Web Page ဆိုရင် မိမိတို့ ပုံမှန်ဝင်နေကြ Link မဟုတ်ဘဲ ... အခြားလင့်တစ်ခုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ဒါဆိုရင် Phishing ပေါ့ဗျာ။

သတိပြုစရာအချက်များ


မိတို့ အင်တာနက်ဆိုင်မှာအသုံးပြုတဲ့အခါ Login ဝင်တဲ့ User name နဲ့ Password ဆိုတဲ့နေရာလေးအောက်က Remember Password မှာ အမှန်မခြစ်မိဖို့အရေးကြီးပါတယ်။ User name တွေ Password တွေ နဲ့ အခြား အရေးကြီးတာတွေ ရိုက်ချင်တဲ့အခါ တိုက်ရိုက်မရိုက်ဘဲ Windows မှာ အသင့်ပါပြီးသား Program အသေးလေးတစ်ခုဖြစ်တဲ့ Notepad မှာ အရင်ရိုက်ပြီးမှ Copy ကူးယူပါ။ပြီးမှ မိမိတို့ အသုံးပြုမယ့်နေရာမှာ Paste ချပြီး Mouse ကိုသုံးပြီး Login လုပ်ပါ။User နဲ့ Password တွေ ရိုက်တဲ့နေရာမှာလည်း ဟတ်ကာတွေမျက်စိလည်အောင် အခြားအပိုစာလုံးတွေပါ ရိုက်ထည့်ပြီးမှ ပြန်ဖျက်ယူပါ။ဒါဆိုရင် ဟတ်ကာဟာ Password ရယ်လို့ အတိအကျမသိနိုင်တော့ပါဘူး။ Password ပေးတဲ့နေရာမှာ ရိုးရှင်းတဲ့စာလုံးတွေကိုမသုံးဘဲ !@#$%^&* စာတာတွေ ကြားညှပ်ထည့်ပေးပါ။ဘာလို့ အဲ့လိုစာလုံးတွေထည့်ခိုင်းရလဲဆိုတော့ Facebook Hacker လို Software မျိုးနဲ့ ဟတ်တဲ့အခါမှာ အဲ့လိုစကားလုံးတွေက Software အတွက် ရှာဖွေရခက်ခဲနေတက်ပါတယ်။အခုဆို Facebook လည်း တစ်နေ့ထပ်တစ်နေ့ Security တွေ မြင့်သည်ထပ် မြင့်လာပါပြီ။Facebook မှာဆို Password ကိုမြန်မာလိုတွေပါ ထည့်ပေးနိုင်ပါတယ်။Keylogger တွေအများစုဟာ ကီးဘုတ်က စာလုံးတွေအကုန်လုံးကိုမှတ်သားနိုင်တယ်ဆိုပေမယ့် မြန်မာဖေါင့်ကိုတော့ သူတို့ နားမလည်ကြတဲ့အတွက် မမှတ်သားနိုင်ပါဘူး။ရေးမယ်ဆိုရင်တော့ အရှည်ကြီးဘဲဗျာ။ဒါပေမယ့် ဒီလောက်နဲ့ဘဲ အဆုံးသတ်လိုက်ပါရစေ။

 Post by-http://maubintharlay.blogspot.com/

ကျနော်အကို သစ်သီးဘလော့မှ ကူယူးဖော်ပြသည်..

No comments:

Post a Comment

အဆင်မပြေတာရှိရင်Comment မှာရေးထားခဲ့ပါ..လမ်းမှားပြီးရောက်လာတဲ့အတွက်ကျေးဇူးတင်ပါတယ် :) :D